Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သော ကျေးလက်လမ်းများပြုပြင်နေမှု ကွင်းဆင်းစစ်ဆေး


19 Oct,2026

လေးမျက်နှာ အောက်တိုဘာ ၁၈

           ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သော ကျေးလက်လမ်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့စစ်ဆေးရာတွင် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြုပြင်လျက်ရှိသော သုံးဆက်ရွာအဝင်လမ်း၊ ပဆင-ပေါက်ကုန်း လမ်းနှင့် ရှမ်းရွာ-ကျောင်းစု-ရေနောက်လမ်းများ ပြုပြင်နေခြင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီး လမ်းပေါ်ရှိ မြင်းကျိုးချောင်းတံတား ပေ ၈၀ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်