ကျေးလက်မီးလင်းရေးနှင့် အသေးစားဆိုလာစိုက်ပျိုးရေရရှိရေးဆိုင်ရာနည်းပညာသင်တန်း(၁/၂၀၂၆)သင်တန်းဖွင့်လှစ်
နေပြည်တော် အောက်တိုဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်မီးလင်းရေးနှင့် အသေးစားဆိုလာစိုက်ပျိုးရေရရှိရေးဆိုင်ရာနည်းပညာသင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်လှစ်အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က “နည်းပညာတွေ အချိန်နှင့်အမျှ တိုးတက် ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် ဆိုလာစွမ်းအင်ဆိုင်ရာနည်းပညာတွေ၊ Desigm Software တွေနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ်လေ့လာနေဖို့၊ မိမိရဲ့အသိပညာနယ်ပယ်ကို ကျယ်နိုင်သမျှ ကျယ်အောင် ချဲ့ထွင်နိုင်ဖို့လိုပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိရုံသာမက ဆိုလာစနစ်နည်းပညာဆိုင်ရာ အသိပညာ များ ပြည့်ဝနေဖို့လိုအပ်ပါကြောင်း၊ ဌာနဝန်ထမ်းတွေအနေနဲ့ မီးလင်းရေးအပိုင်းသာမက ဆိုလာစနစ်နဲ့ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မှုအပိုင်းတွေမှာပါ ထဲထဲဝင်ဝင်ဆောင်ရွက်လာနိုင်စေဖို့၊ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်ပေးတာဖြစ်တဲ့အတွက် သီအိုရီပိုင်းဆိုင်ရာအသိပညာများ သာမက လက်တွေ့အသုံးချမှုအပိုင်းမှာပါ တိုးတက်လာအောင် ကြိုးစားလေ့လာသင်ယူသွားကြဖို့ အဓိကမှာကြားလိုပါကြောင်း၊ လာမည့်နှစ်မှာ Solar Testing Equipment တွေကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်တွေမှာလည်း ထားရှိပေးနိုင်ဖို့ ဆောင်ရွက်သွားသွားမှာဖြစ်တဲ့အတွက် သင်တန်းသား များအနေနဲ့ မြေပြင်မှာ တကယ်လက်တွေ့အသုံးချ စမ်းသပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် လက်တွေ့စမ်းသပ်မှုအပိုင်းသင်ကြားပို့ချတဲ့အခါမှာ “ပညာသင်ခါ မရှက်ရာ”ဆိုတဲ့ ဆိုရိုး အတိုင်းပဲ မသိတာကိုမေးရမှာ မရှက်ပါနဲ့၊ မေးပါ၊ သေချာလေ့လာမှတ်သားပါ၊ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးပြီး အလေးထားသင်ယူ၊ မှတ်သားနာယူသွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၃၅)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့ထိ ငါးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်