Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီးကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ


20 Oct,2026

တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီးကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
       တောင်တွင်းကြီး၊အောက်တိုဘာ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊
တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်သမဝါယမ ဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လေထုညစ်ညမ်းမှုကာကွယ်ခြင်း ဖြင့် ကျန်းမာရေးကောင်းမွန်သောပတ်ဝန်း ကျင်ဖန်တီးနိုင်စေရန်ရည်ရွယ်၍ ပန်းသွင်းကြီးကျေးရွာအုပ်စု၊ပန်းသွင်းကြီးကျေးရွာ၌ နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုယ‌နေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
       ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက လေထုညစ်ညမ်းမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့်ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်ရည်ရွယ် ၍ ယခုလိုဟောပြောပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
        ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
        ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ၊ကျေးလက်လမ်းဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ် ရေးဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။   
         အဆိုပါ ဟောပြောပွဲသို့ပန်းသွင်းကြီး
ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ကျေးရွာသား(၇၀)ဦးတက်ရောက်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။
                                               နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်