Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဘဲဥအလုံးရေ (၂,၁၀၀) ဖြန့်ဖြူးရောင်းချ


16 Oct,2026

ကန်ကြီးထောင့် အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်နှင့် သက်သာချောင်ချိရေးကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမအသင်းစုက ဦးဆောင်ကာ ဘဲဥအလုံး ရေ (၂,၁၀၀) ကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ ပြောင်းလဲမှုရှိနေသည့်အပေါ် ဝန်ထမ်း များ၏ စားသောက်စရိတ် သက်သာစေရန်နှင့် နေ့စဉ်စားသုံးရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သမဝါယမအသင်းမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘဲဥဖြန့်ဖြူးရောင်းချပေးမှုတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက သက်သာသောစျေးနှုန်းဖြင့် လိုအပ်သလို လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရ သည်။

ကျော်ဇင်စိုး (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်