မိုးကောင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင် VDPစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
မိုးကောင်း အောက်တိုဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ေရးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အင်ကြင်းကုန်းကျေးတွင် ကျေးရွာတွင်းလမ်းပေါ်တွင် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ VDP စီမံကိန်းတာဝန်ခံတို့နှင့်အတူ အင်ကြင်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းပေါ်တွင် ကွန်ကရစ်ရေပြွန်၃ စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆိုပါ အင်ကြင်းကုန်းကျေးရွာတွင် VDP စီမံကိန်းရန်ပုံငွေ ကျပ် ၁၅သန်း၊ ကျေးရွာထည့်ဝင်ငွေ ကျပ် ၃ ဒသမ ၂၇ သန်း၊ စုစုပေါင်း ကျပ် ၁၈ ဒသမ ၂၇ သန်းဖြင့် အကျယ် ၁ပေခွဲ၊ အရှည် ၂၄ ပေရှိ ရေပြွန် ၃ စင်းတည်ဆောက်ခြင်းလုပ်ငန်းအား ဦးစီးဌာနမှ ဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှုနှင့်အတူ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ ပထမပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းကပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်