Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၌ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်


20 Oct,2026

နေပြည်တော် အောက်တိုဘာ ၂၀

သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် ပြုပြင်ဆောင်ရွက်ရမည့် ဦးတည်ချက် များ၊ သမဝါယမအသင်း ဉပဒေ၊ နည်းဉပဒေနှင့် ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ အချက်အလက်များ၊ သမဝါယမအသင်းများအား စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အကြံပြုညွှန်ကြားခြင်းလုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်အတွင်း သိသင့်၊ ရှိသင့်၊ လုပ်သင့်၊ ဆောင်သင့်၊ ရှောင်သင်သည့်များအား သိရှိနိုင်ရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရေး ရည်ရွယ်၍ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး စုပေါင်းအစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ Hybrid System ဖြင့် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက  ရှင်းလင်းဆွေးနွေးပို့ချပြီး သမဝါယမဦးစီးဌာန အဆင့်ဆင့်မှ အရာထမ်း (၃၀၀)ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်