ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် AVIP ရေးဆွဲနည်းသင်တန်းဖွင့်လှစ်
**********************************************************************
ဘုတ်ပြင်း ၊ အောက်တိုဘာ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် ကျေးရွာများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် AVIP ရေးဆွဲနည်း သင်တန်းကို အောက်တိုဘာ ၂၀ ရက်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီ အစဉ် AVIP ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် အလယ်မန်ကျေးရွာနှင့် ကလန်းချောင်းကျေးရွာတို့မှ စီမံကိန်းကော်မတီဝင်များ အား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) သင်ခန်းစာများ၊ ငွေစာရင်းထိန်းသိမ်းနည်း ပုံစံများနှင့်ပတ်သက်သည့် သင်ခန်းစာများကို စာတွေလက်တွေ့ ဆွေးနွေးပို့ချခဲ့ကြောင်း ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်