Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မြိတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်း(AVIP) သင်တန်း ဖွင့်လှစ်ပို့ချ


21 Oct,2026

‎မြိတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်း(AVIP) သင်တန်း ဖွင့်လှစ်ပို့ချ

‎==================================================================

‎မြိတ် ၊ အောက်တိုဘာ ၂၁

‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များ အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်း(AVIP)သင်တန်းကို ယနေ့နံနက် ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းစီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီ အစဉ်(AVIP)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်ကြားပို့ချမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများ က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား လူဦးရေနှင့်အခြေခံအချက်အလက်များကောက်ယူခြင်း၊ သယံဇာတပြမြေပုံရေးဆွဲနည်း၊ ရာသီခွင်ပြပြက္ခဒိန်ရေးဆွဲနည်း၊ AVIP ပုံစံများဖြည့်သွင်းနည်း၊ ဦးစားပေးလုပ်ငန်းစဉ်များဖော်ထုတ်ခြင်းစသည့် သင်ခန်းစာများကို ကဏ္ဍတစ်ခုချင်းအလိုက် စာတွေ့ လက်တွေ့ အသေးစိတ် ဆွေးနွေးပို့ချခဲ့သည်။

‎‎အဆိုပါသင်တန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်‌တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှမ်းချောင်းကျေးရွာနှင့် ဘုတ်ခေါင်းကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်