Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ မိုးစပါး(ဗျော့ထွန်း) အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေး


20 Oct,2026

တိုက်ကြီး အောက်တိုဘာ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တိုက်ကြီးမြို့နယ်သမဝါယမဦးစီးဌာန ပွင့်သစ်စစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းက ကရင်ကျွန်းချောင်းကျေးရွာတွင် စိုက်ပျိုး ထားသည့် မိုးစပါး(ဗျော့ထွန်း) အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် ဌာနဆိုင်ရာများက တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေးနှင့် ဆည်ရေကို ခြိုးခြံချွေတာစွာ သုံးစွဲရေးတို့ကို အသိပညာပေး ဆွေးနွေးရာ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းတို့က မိုးစပါး(ဗျော့ထွန်း) အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ၊ သမဝါယမပံ့ပိုးချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်