Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ၁၃ ကြိမ်မြောက် ထုတ်ချေး


20 Oct,2026

ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ၁၃ ကြိမ်မြောက် ထုတ်ချေး

‎==================================================================

‎ကျောက်တန်း ၊ အောက်တိုဘာ ၂၀

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနိုင်ရန်အတွက် ပီလခတ် ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ၁၃ ကြိမ်မြောက် ထုတ်ချေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်းများ၊ အတိုး/အရင်းပေးဆပ်ရန်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၅၂၀ ကို ပီလခတ် ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၇ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၅ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၅၈ ဦးအား ငွေကျပ်သိန်း ၅၂၀ ကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

‎‎ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၄ ရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သန်းပေါင်း သုံးထောင်ကျော်ကို အတိုးနှုန်းသက်သာစွာထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းအတိုးရငွေများဖြင့် လမ်း/တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ခန်းမဆောင်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းပေါင်း ၈၄ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်