ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး အကြိုကွင်းဆင်းစစ်ဆေး
***********************************
ကျွန်းစု ၊ အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် မင်းဂုတ်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ အကြိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး၊ ကျွန်းစုမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ဥယျာဉ်ခြံပိုင်ရှင်များနှင့်အတူ မင်းဂုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်း လျာထားဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလမ်းအူကြောင်းအခြေအနေ၊ မြေနေရာရရှိနိုင်မှု အခြေအနေ၊ အကျိုးပြုစိုက်ပျိုးရေးဧက အခြေအနေနှင့် လက်ရှိလမ်း အနိမ့်အမြင့် Level Survey တိုင်းတာခြင်းများကို အကြိုကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက မင်းဂုတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လယ်ဧက ၅၀ နှင့် ဥယျာဉ်ခြံ ဧက တစ်ရာ၊ စုစုပေါင်း ဧက ၁၅၀ ရှိ ဒေသထွက်ကုန်များ ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်