Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး


20 Oct,2026

ကျိုက်လတ် အောက်တိုဘာ ၁၉

            ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၇ ရက်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု ကိုးအုပ်စုမှ ကျေးရွာ ၅၁ ရွာရှိ ဒေသခံပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများတွင် အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်

(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်