Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


21 Oct,2026

အုတ်တွင်း အောက်တိုဘာ ၂၀

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ)သည် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ) အရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့်အတူ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အုတ်တွင်းမြို့နယ် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် ဘုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ ကျောက်ချောလမ်းခင်းခြင်းအား သတ်မှတ်လမ်းအကျယ် ပြည့်မီအောင်ဆောင်ရွက်ရန်၊ လမ်းခင်းကျောက်အရွယ်အစားမှန်ကန်စေရေး စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ လမ်းဘေးတွင် ရေမြောင်းတူးဖော်ရန်နှင့် မြေသားပခုံးကပ်ရန် လမ်းညွှန်မှာကြားပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်