အမရပူရ၊ အောက်တိုဘာ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ကြီးမှူးကျင်းပလျက်ရှိသည့် ရက်ကန်းထုတ်ကုန်ပြပွဲ TIAM ဈေးရောင်းပွဲတော်(၂၀၂၆) အား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၌ ကျင်းပလျက်ရှိသည်။
ဈေးရောင်းပွဲတော်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ရက်ကန်း ထုတ်ကုန်ပစ္စည်းများ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များ၏ ရက်ကန်းထုတ်ကုန်ပစ္စည်းများနှင့် ပြင်ပရက်ကန်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအား အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူ ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်