Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မချမ်းဘောမြို့နယ် ဆင်လွမ်ဒမ်း-၂ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


22 Oct,2026

မချမ်းဘောမြို့နယ် ဆင်လွမ်ဒမ်း-၂ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မချမ်းဘော အောက်တိုဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်လွမ်ဒမ်း-၂ကျေးရွာတွင် စီမံကိန်းချေးငွေဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ မြေပြင်အနေအထားနှင့် စာရင်းဇယားများဖြည့်သွင်းထားရှိမှုအား ခရိုင်နှင့် မြို့နယ်ကျေးလက်ဦးစီးဌာနမှတာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင် ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မေညွန့်၊ မချမ်းဘောမြို့နယ်ဦးစီးမှူး၊ မြစိမ်းရောင်စီမံကိန်းတာဝန်ခံတို့လိုက်ပါ၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဆင်လွမ်ဒမ်း-၂ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များအတိုင်း
ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဆင်လွမ်ဒမ်း-၂ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၂ ကြိမ်မြောက်အဖြစ် စိုက်ပျိုးရေး‌လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးအား ကျပ် ၁၃၆ သိန်း၊ မွေးမြူရေး‌လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးအား ကျပ် ၁၅၅ သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၂၇ ဦးအား ကျပ် ၁၈၅ သိန်း၊ အသက်မွေးဝမ်းကျောင်း‌ လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးအတွက် ချေးငွေကျပ် ၁၂၄သိန်း၊ စုစုပေါင်းအသင်းသား/သူ ၈၄ ဦးတို့အတွက် ကျပ်သိန်း ၆၀၀အား အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားကြောင်း ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မေညွန့်ထံက သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်