ထန်းတပင်မြို့နယ် သံတဇာကျေးရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်း စစ်ဆေး
*********************************************************************
ထန်းတပင် ၊ အောက်တိုဘာ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထန်းတပင်မြို့နယ် ကျူတောကျေးရွာအုပ်စု သံတဇာကျေးရွာ၌ ၂၀၂၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီအေးနှင့် ဝန်ထမ်းများက ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် ငှက်ပျောစိုက်ပျိုး ရေးလုပ်ငန်းနှင့် ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေ ကျပ်သန်းသုံးဆယ်နှင့် အသက်မွေးဝမ်းကျောင်းအဖွဲ့များမှ ထည့်ဝင်ငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း အစုအဖွဲ့ တစ်ဖွဲ့၊ မွေးမြူရေးလုပ်ငန်း အစုအဖွဲ့ ၃ ဖွဲ့ စုစုပေါင်း အစုအဖွဲ့ ၄ ဖွဲ့ဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်