Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မြန်အောင်မြို့နယ် နတ်တောင်ကျေးရွာ၌ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး


22 Oct,2026

‎မြန်အောင်မြို့နယ် နတ်တောင်ကျေးရွာ၌ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

‎********************************************************************************

‎မြန်အောင် ၊ အောက်တိုဘာ ၂၂

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံစွာရရှိစေရေးအတွက် တူးဖော်ထားခဲ့သော ရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှုအခြေအနေနှင့် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ မြန်အောင်မြို့နယ်မှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ခိုင်ပြည့်ဖြိုးသူနှင့် ဝန်ထမ်းများက သဲဘို့ကျေးရွာအုပ်စု၊ နတ်တောင်ကျေးရွာ၌ အယ်လ်နီညိုကျရောက်ပါက သောက်သုံး ရေပြတ်လပ်မှုမရှိ‌စေရေး ရေလှောင်ကန်များအတွင်း ရေစုဆောင်းထားရှိမှုအခြေအနေများ၊ ဌာနမှ ဆောင်ရွက်ခဲ့သော ‌ရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

‎‎ထို့နောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ ရေရှားပါးမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေစုကန်များနှင့် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းသုံးစွဲ ရန် ဆွေးနွေးပြောကြားပြီး ပြည်သူများ၏တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်