Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး


21 Oct,2026

ပုဗ္ဗသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး

*********************************************
နေပြည်တော် အောက်တိုဘာ ၂၁
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ သတ္တမအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
       ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာ စောင်ပါ စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၀ ဒသမ ၄သန်းကို လွှဲပြောင်းပေးအပ်သည်။
       ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ညောင်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ဦးကို ငွေကျပ် ၁၃ ဒသမ ၆သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၁၂ ဒသမ ၆သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို ငွေကျပ် ၂ ဒသမ ၂သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၁ ဒသမ ၃သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် သုည ဒသမ ၇သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၉ဦးကို VRFP ရန်ပုံငွေကျပ် ၃၀ ဒသမ ၄သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 
နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်