ကျောက်ဆည် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းအောင်၊ ကွင်းဆင်းတာဝန်ကျဝန်ထမ်းများနှင့် မြို့နယ်စုအမှုဆောင်များ ပါဝင်သောအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ငါးလုံကုန်းစိုက်ထွေသမဝါယမ အသင်းသားများ စိုက်ပျိုးထားသော တစ်ဆက်တစ်စပ်တည်း ဧရာပဒေသာစပါးခင်း ဧက၁၅၀ကျော် စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှုပြီး လက်ထောက်ညွှန်ကြားရေးမှူးက သမဝါယမအသင်းသား စပါးစိုက် တောင်သူများအနေဖြင့် တစ်ဧက ပန်းတိုင်းအထွက်နှုန်း ပြည့်မီရေး သွင်းအားစုများကို စနစ်တကျ အချိုးကျ ထည့်သွင်းအသုံးပြုသွားကြရန် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် စပါးစိုက်ခင်းများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေး မြို့နယ်သမဝါယမအသင်း ၁၆ သင်းမှ အသင်းသားတောင်သူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါး ၂၀၀၀ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်