Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်တံ့ရောင် စီမံကိန်းဖြင့်စိုက်ပျိုးခဲ့သည့် မိုးစပါးရိတ်သိမ်းမှု ကွင်းဆင်းစစ်ဆေး


21 Oct,2026

ကျောက်တန်း အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သောင်ကြီးကျေးရွာ၌ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေး သက်တန့်ရောင်စီမံကိန်းဖြင့်  စိုက်ပျိုးဆောင်ရွက်ခဲ့သည့် မှော်ဘီ ၃ မိုးစပါးရိတ်သိမ်းနေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေး သက်တံ့ရောင်စီမံကိန်းဖြင့် မှော်ဘီ ၃ မိုးစပါးရိတ်သိမ်းစိုက်ပျိုးခဲ့သည့် သောင်ယံဦး လယ်ယာနှင့်  အထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းမှ အသင်းသား ၂၁ ဦး ၊ စိုက်ဧက ၆၇ ဧက စိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်