Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရက်ကန်းထုတ်ကုန်ပစ္စည်းများအား ဆိုင်ခန်းပေါင်း(၇၀)ဖြင့် စည်ကားသိုက်မြိုက်စွာရောင်းချနိုင်ခဲ့


22 Oct,2026

အမရပူရ၊ အောက်တိုဘာ ၂၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ကြီးမှူးကျင်းပလျက်ရှိသည့် ရက်ကန်းထုတ်ကုန်ပြပွဲ TIAM ဈေးရောင်းပွဲတော်(၂၀၂၆) အား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၌ ကျင်းပခဲ့ကြောင်း သိရိသည်။

          အဆိုပါ ရက်ကုန်းထုတ်ကုန်ပြပွဲတွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ရက်ကန်းထုတ်ကုန်ပစ္စည်းများ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များ၏ ရက်ကန်းထုတ်ကုန် ပစ္စည်းများနှင့် ပြင်ပရက်ကန်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအား အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆိုင်ခန်းပေါင်း (၇၀)ဖြင့် ရက်ကန်းထုတ်ပစ္စည်းများအား စည်ကားသိုက်မြိုက်စွာ ရောင်းချခဲ့ပြီး အများပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်