Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် ကျေးရွာနှစ်ရွာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိ စေရေး ကွင်းဆင်းဆောင်ရွက်


23 Oct,2026

မကွေးမြို့နယ် ကျေးရွာနှစ်ရွာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိ စေရေး ကွင်းဆင်းဆောင်ရွက်

‎********************************************************************************

‎မကွေး ၊ အောက်တိုဘာ ၂၃

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွင်း သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံစွာရရှိစေရေးအတွက် တူးဖော်ထားခဲ့သော ရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှုအခြေအနေနှင့် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ဝန်ထမ်းများက ကန်နီကျေးရွာနှင့် စမ်းရိုးကျေးရွာတို့၌ အယ်လ်နီညို ဖြစ်စဉ်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိ‌စေရေး ရေလှောင်ကန်များအတွင်း ရေစုဆောင်းထားရှိမှု အခြေအနေများ၊ ဌာနမှ ဆောင်ရွက်ခဲ့သော ‌ရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ ရေရှားပါးမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေစုကန်များနှင့် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်း သုံးစွဲရန် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်