Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ


23 Oct,2026

ကျိုက်ထို အောက်တိုဘာ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်သည့် အစည်းအဝေးအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို စတင်ကျင်းပရာ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်သူက နေရာယူပြီး အခမ်းအနားအား ဖွင့်လှစ်ကြောင်းကြေညာကာ သဘာပတိ ဦးမောင်မောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ပြည်နယ်သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးမြင့်အောင်တို့က လမ်းညွှန်အမှာစကားများ အသီးသီးပြောကြားကြသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် တင်သွင်းသည့်အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသား စာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြရာ သဘာပတိမှ အတည်ပြုချက်ရယူပေးခဲ့ပြီး တက်ရောက်လာသော အခြေခံသမဝါယမအသင်းများမှ ပြန်လည်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြို့နယ်သမဝါယမအသင်းစု ဝန်ထမ်းများထဲမှ တစ်နှစ်ပတ်လုံး ခွင့်ရက်မရှိ ရုံးတက်မှန်သော ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီးနောက် မြို့နယ်သမဝါယမ အသင်းစု၏ အမှုဆောင်များနှင့် အသင်းစာရင်းစစ်များ ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်သမဝါယမအသင်းစုချုပ် ကိုယ်စားလှယ်များကိုပါရွေးချယ်ခဲ့ကြသည်။

ထို့နောက် ရွေးချယ်တင်မြှောက်ခြင်းခံရသူများက ကတိသစ္စာခံယူကြပြီး ရွေးချယ်ခံရသော ဥက္ကဋ္ဌသစ်မှ မိတ်ဆက်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့‌ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်