နေပြည်တော် အောက်တိုဘာ ၂၄
သမဝါယမစနစ်ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် သမဝါယမကောလိပ်များတွင် သင်ကြားမည့် သမဝါယမပညာဘာသာရပ်များတွင် ထည့်သွင်းသင်ကြားမည့် သင်ခန်းစာများ ထပ်မံဖြည့်စွက်ခြင်း၊ သင်ခန်းစာအသစ်များဖော်ထုတ်နိုင်ရေးအတွက် သမဝါယမပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ များကို သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ၎င်းဆွေးနွေးပွဲမှ သမဝါယမစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရေးနှင့် သမဝါယမဘာသာရပ်အတွက် စာတမ်းများ ဖတ်ကြားခြင်း၊ နည်းလမ်းများ သင်ခန်းစာများဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာ ခေါင်းစဉ် (၂)ခုခွဲ၍ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များချမှတ်ခြင်းများ ဆောင်ရွက် ကြသည်။ ထို့နောက် ကျောင်းများရှိ စာသင်ဆောင် အိပ်ဆောင်များနှင့် ဝန်ထမ်းအိမ်ယာများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်