ကျောင်းကုန်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် အကောင်အထည်ဖော်နိုင်ရေး ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းကျေးရွာတွင် စနစ်တကျလယ်ယာမြေဖော်ထုတ်ထားပြီး စိုက်ပျိုးရေများဖြင့် အဆင်ပြေ နေသော လယ်မြေများရှိကြောင်းပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာများက စိုက်ပျိုးနည်းစနစ်များနှင့် စိုက်ပျိုးရေ ရရှိရေးတို့ကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိ၊ မြို့နယ်စိုက်/တိုး/မြှင့်ကော်မတီဝင်များ၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ကွင်းကြီးအုပ်စု၊ ကညင်သုံးဆင့်အုပ်စု၊ ညောင်ဝိုင်းကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံ၍ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက် သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် (CBF) စီမံကိန်းဧက (၂၀၀) အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး စည်းရုံးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်