Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ် ကင်းမတီးအလယ်ရွာနှင့် ကင်းမတီးရွာသစ်လမ်း ရေနိမ့်တံတားတည်ဆောက်ခြင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


28 Oct,2026

ရန်ကုန် အောက်တိုဘာ ၂၇

      တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကင်းမတီးအလယ်ရွာနှင့်ကင်းမတီးရွာသစ်လမ်းကိုဆက်သွယ်ထားသော ရေနိမ့်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

     အဆိုပါ ချောင်းကူးတံတားကို ပေ ၆ဝ ရေနိမ့်တံတားအဖြစ် တင်ဒါအောင်မြင်သည့်ရတနာပြည့်စုံကုမ္ပဏီက တာဝန်ယူဆောင် ရွက်လျက်ရှိရာ ပေ ၆၀ ရေနိမ့်တံတားတည်ဆောက်ခြင်းလုပ်ငန်း၏ A1 Mini Bore Pile တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးဗိုလ်မင်းနှင့် လုပ်ငန်းခွင်အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ တိုက်ကြီးမြို့နယ်တာဝန်ခံတို့ကကွင်းဆင်းစစ်ဆေးကြပြီး အဆိုပါတံတား ပြီးစီးပါက ကင်မတီးရွာ၊ ကင်းမတီးအလယ်ရွာနှင့်ကင်မတီးရွာ သုံးရွာတို့ရှိ ကျောင်းသား၊ ကျောင်းသူများ သွားလာမှု အဆင်ပြေချောမွေ့ မည် ဖြစ် ကာ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်