မကွေးမြို့နယ်၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြော
=====================================
မကွေး ၊ အောက်တိုဘာ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အယ်လ်နီညိုအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွန်းက အဖွင့် အမှာစကား ပြောကြားပြီး မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က အယ်လ်နီညိုအန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညို ကျရောက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများ ကို ကြိုတင်ကာကွယ်ရန်အချက်များ၊ အယ်လ်နီညိုဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညို အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်