Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးရေးအသိပညာပေးသင်တန်းကျင်းပ


22 Oct,2026

စိုက်ပျိုးရေးအသိပညာပေးသင်တန်းကျင်းပ

ပုသိမ် အောက်တိုဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ၁၉-၁၀-၂၀၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စိုက်ပျို‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးကျော်မျိုးတင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထင်ကျော်ဦးမှ စိုက်ပျိုးရေးအသိပညာပေး သင်တန်းနှင့် ပတ်သက်၍ သင်ကြားမည့် သင်ခန်းစာများ အပေါ် အကျဉ်းချုပ်ဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးများနှင့် မြို့နယ်(၂၆)မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးများနှင့် ဒုတိယဦးစီးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို (၂)ရက်တာ ပြုလုပ်သွားမှာဖြစ်ပြီး မြေသြဇာဥပဒေနှင့် မြေအသုံးချရေး၊ မျိုးစေ့အကြောင်း သိကောင်းစရာများ၊ ပိုးသတ်ဆေးဥပဒေနှင့် ဓာတ်ကြွင်း ပြဿနာများ၊ သီးနှံရောဂါများအကြောင်း၊ သီးနှံဖျက်ပိုးမွှားများအကြောင်းနှင့် စိုက်ပျိုးရေး ပတ်သက်၍ သိလိုသည်များ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်