Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိ


22 Oct,2026

မြိတ် အောက်တိုဘာ ၂၁

       သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ စလွန်း-တောင်ဖီလာလမ်းနှင့် တောင်ကြီး-တောင်ဖီလာလမ်းတို့တွင် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

          ကွန်ကရစ်လမ်းခင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက် စလွန်း-တောင်ဖီလာလမ်း (၁/၆) မိုင်ရှိသည့်အနက် (၀/၂)မိုင်အား အကျယ် ၁၂ ပေနှင့် ထု ၇ လက်မ ကွန်ကရစ်လမ်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် Myo United Co.Ltd က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တောင်ကြီး-တောင်ဖီလာလမ်း (၁/၀)မိုင် ရှိသည့်အနက် (၀/၃)မိုင်အား အကျယ် ၁၂ ပေနှင့် ထု ၇ လက်မ ကွန်ကရစ်လမ်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အောင်မေတ္တာလွှမ်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

            အဆိုပါ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုကို မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တာဝန်ရှိသူများနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်