Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့သောင်းမြို့၌ GEC ခရိုင်ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့အသစ်ရွေးချယ်တင်‌မြှောက်ခြင်းအခမ်းအနားကျင်းပ


22 Oct,2026

ကော့သောင်း အောက်တိုဘာ ၂၂

ကော့သောင်းခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့အသစ်ရွေးချယ်တင်‌မြှောက်ခြင်း အခမ်းအနား ကော့သောင်းမြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် ကော့သောင်းခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ သဘာပတိ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကော့သောင်းခရိုင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေးရှင်းတမ်းကိုဖတ်ကြား၍ သဘာပတိကအတည်ပြုခဲ့သည်။ ယင်းနောက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ အစားထိုး ရွေးချယ်အတည်ပြုခြင်းများဆောင်ရွက်ပြီး  အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များ ကတိသစ္စာခံယူခဲ့ကြသည်။

ယင်းနောက် ခရိုင်ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးသောင်းညွှန့်က “အသင်းစတင် ဖြစ်‌ပေါ်လာပုံနှင့်အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အသင်းသားတိုင်းအတွက် နှစ်စဉ်အစုပေါ်အမြတ်ငွေများ ထုတ်ပေးနေမှုအခြေနေများအားပြောကြားပြီး အသင်းကြီးရေရှည် တည်တံ့စေရေး ဝိုင်း‌ဝန်းဆောင်ရွက်ပေးကြရန်” တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်