Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ကွမ်းခြံကုန်းမြို့နယ် အေးမြသာယာကျေးရွာ၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဟောပြော


30 Oct,2026

‎ကွမ်းခြံကုန်းမြို့နယ် အေးမြသာယာကျေးရွာ၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဟောပြော

‎=====================================

‎ကွမ်းခြံကုန်း ၊ အောက်တိုဘာ ၃၀

‎သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က အေးမြသာယာကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး က အယ်လ်နီညိုကျရောက်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုကျရောက်ပါက ဖြစ်ပေါ်လာနိုင် သည့် အကျိုးသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ အယ်လ်နီညိုဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကို ဆွေးနွေးပြောကြားသည်။

‎‎ထို့နောက် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

‎‎အဆိုပါဟောပြောပွဲသို့ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အေးမြသာယာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်