Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ကော့မှူးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုမရှိစေရေး အသိပညာပေးဟောပြော


30 Oct,2026

‎ကော့မှူးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုမရှိစေရေး အသိပညာပေးဟောပြော

‎=====================================

‎ကော့မှူး ၊ အောက်တိုဘာ ၃၀

‎ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က လက်ခိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုမရှိစေရေး အသိပညာပေးဟောပြောရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

‎‎ဆက်လက်၍ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက် ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင်လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်း ပြောကြားသည်။

‎‎ထို့နောက် ဝန်ထမ်းများက အယ်လ်နီညိုကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာရမည့်အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

‎‎ထို့နောက် တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကော့မှူးမြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် ဝန်ထမ်းမျာက လက်ခိုက်ကျေးရွာနှင့် သဲကုန်းကျေးရွာတို့၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် သောက်သုံးရေရှားပါးမှုမရှိစေရေး လက်ရှိ ရေရယူသုံးစွဲနေမှုအခြေအနေ များကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်