Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာ၌ ‌နေကြာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ချေးငွေများ ထုတ်ချေး


30 Oct,2026

‎ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာ၌ ‌နေကြာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ချေးငွေများ ထုတ်ချေး

‎************************************************************************

‎ချောင်းဆုံ ၊ အောက်တိုဘာ ၃၀

‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက် သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော တောင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေရန် ကွမ်လှာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ချေးငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

‎‎ရှေးဦးစွာ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ် ၁၁၃ သိန်း ကို  ကွမ်လှာကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

‎‎ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကွမ်လှာကျေးရွာရှိ နေကြာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူ ၄၅ ဦးကို ငွေကျပ် ၁၁၃ သိန်းအား အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ ကြောင်း ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်