သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမတွင်(၂၉.၁၀.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂ဝ၂၆)ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များနှင့် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာ ဝန်ထမ်းတစ်ဦးချင်း၏ တိုးတက်မှုသည် အဖွဲ့အစည်း၏ တိုးတက်မှုဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု၏အောင်မြင်မှုသည် လူတစ်ဦး၏ ကြိုးပမ်းမှုဖြင့် မဖြစ်နိုင်ဘဲ Teamwork, Collaboration, Trust and Accountability တို့သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး တစ်ဦးနှင့်တစ်ဦး ကူညီပံ့ပိုးကြမည်ဆိုပါက တက္ကသိုလ်၏လုပ်ငန်း စွမ်းဆောင်ရည်သည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု (Responsibility)၊ တာဝန်ခံမှု (Accountability)၊ လုပ်ငန်းကျင့်ဝတ် (Professional Ethics) နှင့် ဝန်ဆောင်မှုစိတ်ဓာတ် (Service Mindset)တို့ကို အမြဲတမ်းထိန်းသိမ်းကြရန်တိုက်တွန်းလိုကြောင်း၊ အနာဂတ်အတွက် တက္ကသိုလ်သည် ပညာရေးအရည်အသွေးမြင့်မားရေး၊ သုတေသနနှင့်ဆန်းသစ် တီထွင်မှုမြှင့်တင်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး တို့ကို ဆက်လက် အလေးထား ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ယင်းရည်မှန်းချက်များ အောင်မြင်ရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်သည် အရေးကြီးသော အင်အားတစ်ရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းကာလအတွင်းရရှိခဲ့သည့် ရုံးလုပ်ငန်းဆိုင်ရာအသိပညာများ၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အများပြည်သူထံမှ တုန့်ပြန်ရယူခြင်း အစီအစဉ်(Public Feedback Programme- PFP)များတွင် တက္ကသိုလ်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခန်းကဏ္ဍများစသည့် ရုံးလုပ်ငန်းဆိုင်ရာ ဥပဒေအသိပညာဆိုင်ရာနှင့် ဝန်ထမ်းများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်စာ၊ ပထဝီဝင်နိုင်ငံရေး သဘောသဘာဝများ၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့အသုံချပြီး မိမိကိုယ်တိုင်တိုးတက်ခြင်း၊ မိမိဌာနတိုးတက်ခြင်း၊ တက္ကသိုလ်ရည်မှန်းချက်နှင့် ပညာရေးအရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ ယခုသင်တန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အစီအစဉ်ရ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များသည် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်