Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


30 Oct,2026

  ကျောက်ဆည် အောက်တိုဘာ ၂၉

   မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၁၉ ဒသမ ၅၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ဆည်-တံတားဦးလမ်းမှ ညောင်ရွှေ ကြက်လျှာလမ်း(၀၂)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးလှခိုင်က ကွင်းဆင်းစစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြားသည်။

   အဆိုပါလမ်းပြီးစီးပါက ကျေးရွာပေါင်း သုံးရွာ၊ အိမ်ခြေ ၃၈၆ အိမ်၊ လူဦးရေ ၁၅၉၀ ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်