Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်၌ ကျောက်ချောလမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး


29 Oct,2026

ကျောက်ဆည်  အောက်တိုဘာ ၂၈

        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၀၈ ဒသမ ၅၅၂ သန်း ဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ဆည်-တံတားဦးလမ်းမှ ပွက္တိုင်ရွာအဝင်လမ်း (၀/၃)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ)က ကွင်းဆင်းစစ်ဆေးသည်။

           အဆိုပါလမ်းပြီးစီးပါက ကျေးရွာပေါင်း နှစ်ရွာ၊ အိမ်ခြေ ၄၇၅ အိမ်၊ လူဦးရေ ၂၂၀၀ ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်