သရက်ချောင်းမြို့နယ် ကဇိတံတားဦးကျေးရွာ၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
=====================================
သရက်ချောင်း ၊ အောက်တိုဘာ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၈ ရက်နေ့က ကဇိတံတားဦးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က အယ်လ်နီညိုကျရောက်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုကျရောက် ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင် ကာကွယ်နိုင်ရန်အချက်များ၊ အယ်လ်နီညိုဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကဇိတံတားဦးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်