မြစ်သား အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သမဝါယမဦးစီးဌာနမှ တိုင်းပြည် စားနပ်ရိက္ခာပေါများလာစေရန်၊ သွင်းအားစုများထုတ်ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်စီမံကိန်း)မှ စပါးနှင့် ကြက်သွန်နီ သီးနှံစိုက် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြိုင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပသည်။
သွင်းအားစုပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက မျိုး၊ မြေ၊ ရေ၊ နည်းပညာများ စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆွေးနွေး ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ စပါး၊ ကြက်သွန်နီသီးနှံ စိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူ ၈၀ ဦးတို့အတွက် ၁၉ ဒဿမ ၆၃၅ သန်းနှင့် ညီမျှသော သွင်းအားစု များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)ကိုယ်စားလှယ် ဦးသန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းနှင့် ဝန်ထမ်း များ၊ စပါးနှင့်ကြက်သွန်နီသီးနှံစိုက် သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)
မန္တလေးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်