မိတ္ထီလာ အောက်တိုဘာ ၃၀
မိတ္ထီလာမြို့နယ်၌ ကန်သာအေး- အောင်သာလမ်း မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၇၁ ဒသမ ၄၉၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကန်သာအေး-အောင်သာလမ်း အရှည်ပေ ၁/၃ မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၂ ပေ ၄ လက်မရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းဝင်းနှင့် မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)တို့က ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား တင်ပြခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မှာကြားသည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ကိုးရွာမှ အိမ်ခြေ ၆၀၀၊ လူဦးရေ ၃၂၅၂ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။
(၆၀၂)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်