Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့၌ ရွှေမြင်တင်- အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


02 Nov,2026

ရမည်းသင်း အောက်တိုဘာ ၃၁

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရွှေမြင်တင်-အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်က ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ် ဘဏ္ဍာရေး နှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရွှေမြင်တင်- အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

             ရွှေမြင်တင်-အင်တိုင်းလမ်း ကျောက်ချောလမ်းမှာ အရှည် (၁/၀)မိုင်ရှိပြီး အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

အေးခိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်