Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်


30 Oct,2026

စဉ့်ကိုင် အောက်တိုဘာ ၂၉

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  မန္တလေးတိုင်းဒေသကြီး စဉ်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၅၅ ဒသမ ၃၂၀ သန်း ဖြင့် ဆောင်ရွက်လျက်ရှိသော ကင်းလပ်- မြောက်တောကြီး- တအုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးပြီး အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်မှာကြားခဲ့ကြောင်း၊ အဆိုပါ လမ်းပိုင်းများ ဆောင်ရွက်ပြီးပါက ကျေးရွာလေးရွာရှိ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်  များစွာ အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်