Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် စက်ချုပ်နည်းပညာပေး သင်တန်းဖွင့်လှစ်


30 Oct,2026

ပြည်၊ အောက်တိုဘာ ၂၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နတ်တလင်းခရိုင်ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် စက်ချုပ်နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။

          နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နတ်တလင်းခရိုင်ရဲတပ်ဖွဲ့ ယာယီ ဒုတိယရဲမှူးကြီး၊ ပြည်ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း များနှင့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်မည့် ကိစ္စရပ်များအားရှင်းလင်းပြောကြားသည်။

          ထို့နောက် နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် နတ်တလင်း ခရိုင်ရဲတပ်ဖွဲ့ ယာယီ ဒုတိယရဲမှူးကြီးတို့က သင်တန်းသားများအတွက် သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြသည်။ ဆက်လက်၍ နတ်တလင်းခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လှည်ကြည့်ရှုအားပေးခဲ့ ကြသည်။

          အဆိုပါ နည်းပညာပေးသင်တန်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ  ၁၂ ရက်နေ့အထိ (၄၅)ရက်ကြာ သင်တန်းသား (၁၅)ဦးအား အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ လေးလွှာစကပ်၊ ချိတ်စကပ်ချုပ်လုပ်နည်း အမျိုးမျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါကကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဝင်ငွေတိုးစီမံကိန်းနှင့် လက်မှုရွာ စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် နည်းပညာပေးသင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်