တောင်တွင်းကြီးမြို့နယ် တဲကြီးကုန်းကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများပြီးစီးမှုစစ်ဆေး
တောင်တွင်းကြီး၊ နိုဝင်ဘာလ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တဲကြီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့်ကျေး ရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့်ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုတာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးနှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ တဲကြီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအ နေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးဦးထွန်းကျော်ကျော်မျိုးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးကွန်ကရစ်လမ်းအား အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ် တဲကြီးကုန်းကျေးရွာ၌ အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ပိုးရန်ပုံငွေကျပ် ၁၅၀သိန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၆၀သိန်း၊ စုစုပေါင်းငွေကျပ် ၂၁၀သိန်းဖြင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာ သားများကိုယ်တိုင် ၂၀၂၆ ခုနှစ်၊အောက်တိုဘာလ ပထမပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် တဲကြီးကုန်းကျေးရွာရှိ အိမ်ခြေ ၁၀၁အိမ်၊လူဦးရေ ၄၇၁ဦးတို့၏ သွားလာရေးလွယ်ကူနေပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်