ကွမ်းခြံကုန်းမြို့နယ် မေတ္တာကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
************************************************************************
ကွမ်းခြံကုန်း ၊ နိုဝင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၂၆ ဒသမ ၂၇ သန်းဖြင့် မေတ္တာကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူ များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း နှင့် တာဝန်ရှိသူများသည် ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ မေတ္တာကျေးရွာတွင်းလမ်းအရှည် ၅ ဒသမ သုည ၇၁ ဖာလုံ လမ်းအကျယ် ၁၀ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် Slab Culvert ၃ စင်း တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းတာဝန်ခံအား ကွန်ကရစ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရရန်ပုံငွေကျပ် ၂၆ ဒသမ ၂၇ သန်းအသုံးပြု၍ တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာနေ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်