ဘုတ်ပြင်းမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြော
********************************************************************************
ဘုတ်ပြင်း ၊ နိုဝင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့် အတူ ဖြစ်ပါ်လာသည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများတွင် အပူချိန်လွန်ကဲမြင့်မားခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် မိုးခေါင်ရေရှားမှု ပြဿနာများကို ရင်ဆိုင်ရလေ့ရှိသည့်အတွက် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေရှားပါးပြတ်လပ်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကရိုင်တိုင်ကျေးရွာ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့် က မိမိတို့ဌာနအနေဖြင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင် စီမံဆောင်ရွက် ထားရှိသည့် အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက်များနှင့် ကြိုတင်ကာကွယ်နိုင်မည့် အကြောင်းအရာများအား ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အယ်လ်နီညိုရာသီဥတုကြောင့် ရေရှားပါး ပြတ်လပ်နိုင်မှုအတွက် သတိပေးနှိုဆော်ချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်