Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲသောင်း-ထီအုံလမ်း(၀/၂)မိုင် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်


04 Nov,2026

တောင်ကြီး နိုဝင်ဘာ ၃

     တောင်ကြီးမြို့နယ် မဲသောင်း- ထီအုံကျေးရွာ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသော မဲသောင်း-ထီအုံလမ်း(၀/၂)မိုင် မြေသားလမ်းမှကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ကတ္တရာခင်းခြင်းလုပ်ငန်း ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ မဲသောင်းကျေးရွာရှိ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဒေသခံပြည်သူများအနေဖြင့် လမ်းအား ရေရှည် ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် လမ်းဘေးရေနုတ်မြောင်းများကိုလည်း စနစ်တကျပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားသည်။

    ထိုမှတစ်ဆင့် ထီအုံကျေးရွာ၌ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ထီအုံကျေးရွာသွားလမ်း (၀/၂)မိုင်အား မြေသားလမ်းမှကတ္တရာလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ကတ္တရာခင်းခြင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်