ပုသိမ်ကြီး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးဦး၊ တိုင်းဒေသကြီး အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသည့် အခြေခံအသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဦးစီးအရာရှိက သမဝါယမလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဌာရေးနှစ်အတွက် အစုပေါ်အမြတ်ငွေများပေးအပ်ခြင်း၊ အခြေခံသမဝါယမအသင်း အမှုဆောင်များ၏ Grade-12 ထူးချွန်စွာ အောင်မြင်သည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်