ကျောက်ဆည် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အေးမြချမ်းသာ ကျောင်း ဓမ္မာရုံ၌ ကျောက်ဆည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပသည်။
ဦးစွာ သဘာပတိ ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်ငြိမ်းက လက်ရှိတာဝန်ထမ်းဆောင်နေသည့် အမှုဆောင်များအနေဖြင့် လုပ်ငန်းများလွှဲပြောင်းရတော့မည် ဖြစ် သည့်အတွက် အသင်းလုပ်ငန်းများကို အပြီးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းအောင်က သမဝါယဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း၊ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့မှ ဦးတင်မောင်အေးက ဘဏ္ဍာရေးရှင်းတမ်းနှင့်အမြတ်ငွေခွဲဝေစာရင်း၊ ဦးတင်ထွဋ်က အမှုဆောင်အဖွဲ့အစီအရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၁/၂၀၂၆) ညွှန်ကြားချက်နှင့်အညီ အမှုဆောင်ဒါရိုက်တာအသစ်များ ရွေးချယ်ခဲ့ပြီး လုပ်ငန်း တာဝန်များ ခွဲဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်