လှိုင်းဘွဲ နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်သမဝါယမအသင်းစုလီမီတက်၏ 2025-၂၀၂6 ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့်အမှုဆောင်သစ်ရွေးချယ်ပွဲကို အောက်တိုဘာ 30 ရက်နေ့ က လှိုင်းဘွဲမြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် လှိုင်းဘွဲမြို့နယ်သမဝါယမအသင်းစုလီမီတက်၏ အတွင်းရေးမှူးနှင့် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က အမှာစကားပြောကြားပြီး 2025-၂၀၂6 ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှု စာရင်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာကြသော အသင်းဝင်များ၏ ဆန္ဒရယူကာ သဘာပတိက အတည်ပြုပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက သမဝါယမအသင်းဥပဒေကို ပြင်ဆင် သည့်ဥပဒေပါ ပြဌာန်းချက်များအတိုင်း အမှုဆောင်အဖွဲ့အသစ်နှင့်အသင်းစာရင်းစစ်တို့အား ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်