Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာ၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော


10 Nov,2026

‎ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာ၌ အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

‎=====================================

‎ကျောက်ဆည် ၊ နိုဝင်ဘာ ၁၀

‎သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၈-၁၁-၂၀၂၆)ရက်နေ့နံနက်ပိုင်းက လယ်ကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က အယ်လ်နီညိုကျရောက်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုကျရောက် ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင် ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင်လုပ်ကိုင်ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။

‎‎ထို့နောက် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး သည်။

‎‎အဆိုပါဟောပြောပွဲသို့ လယ်ကြီးကျေးရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

‎

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်